၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စူးကျိုးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၉ ရက်၌ ပြောကြားခဲ့သည်။အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ မြင့်တက်လာခြင်း၊ စီးပွားရေးတိုးတက်မှု တုံ့ဆိုင်းနှေးကွေးလာခြင်းတို့အပြင် ရှုပ်ထွေးသော စိန်ခေါ်မှုများနှင့်ပါ ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံအနေဖြင့် အဆိုပါ အစည်းအဝေး၌ အရေးကြီး ဦးစားပေးကိစ္စရပ်နှစ်ခုနှင့် စပ်လျဉ်း၍ ဘုံသဘောတူညီမှု စုစည်းတည်ဆောက်ရေးအတွက် APEC အဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာ ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် ဒုတိယဝန်ကြီး လီချိန်ကန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
May 11 • 2:53 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


