back

ရုရှား-တရုတ် ဆက်ဆံရေးမှာ နိုင်ငံတကာဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းညှိရာတွင် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ဟု ပူတင် ပြော

May 11 • 2:52 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ရုရှား-တရုတ် ဆက်ဆံရေးမှာ နိုင်ငံတကာဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းညှိရာတွင် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ဟု ပူတင် ပြော

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေးကို တည်ငြိမ်အောင်ထိန်းညှိရာတွင် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်သည်ဟု ရုရှားနိုင်ငံ သမ္မတ ဗလာတီ...

ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် နိုင်ငံတကာဆက်ဆံရေးကို တည်ငြိမ်အောင်ထိန်းညှိရာတွင် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်သည်ဟု ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က မေ ၉ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံကဲ့သို့သော နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘာ့ရေးရာများတွင် ဟန်ချက်ထိန်းညှိမှုနှင့် တည်ငြိမ်မှု အကြောင်းရင်းအဖြစ် မလွဲမသွေ တည်ရှိနေသည်ဟု ပူတင်က သတင်းစာရှင်းလင်းပွဲ၌ ရည်ညွှန်းပြောဆိုခဲ့သည်။တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်ဖြစ်ကြောင်း၊ နည်းပညာမြင့်မားသော လုပ်ငန်းများမှတစ်ဆင့် နှစ်နိုင်ငံကုန်သွယ်မှုကို ဖြန့်ခွဲစီမံမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ယင်းသည် အလွန်ပင်အရေးကြီးကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။ထို့ပြင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ကို တက်လှမ်းရေးအတွက် အဆင့်မြင့် သဘောတူညီမှုတစ်ရပ် ရရှိခဲ့သည်ဟုလည်း ပူတင်က ပြောသည်။

news-view-count-icon

15