back

လာလီဂါချန်ပီယံဆုကို ဘာစီလိုနာအသင်း နှစ်နှစ်ဆက်တိုက် ဆွတ်ခူး

May 11 • 1:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

လာလီဂါချန်ပီယံဆုကို ဘာစီလိုနာအသင်း နှစ်နှစ်ဆက်တိုက် ဆွတ်ခူး

ဘာစီလိုနာအသင်းဟာ El Clasico ပွဲစဉ်မှာ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် လာလီဂါချန်ပီယံဆုကိုနှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်...

ဘာစီလိုနာအသင်းဟာ El Clasico ပွဲစဉ်မှာ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် လာလီဂါချန်ပီယံဆုကို

နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဘာစီလိုနာရဲ့ဂိုးတွေကို ရပ်ရှ်ဖို့ဒ်(၉ မိနစ်)၊ ဖယ်ရန်တောရက်စ်(၁၈ မိနစ်)တို့က အစောပိုင်းမှာပဲ သွင်းယူပေးခဲ့တာပါ။ဘာစီလိုနာအနေနဲ့ လာလီဂါရာသီပြီးဆုံးဖို့ လက်ကျန်သုံးပွဲအလိုမှာ ရီးယဲလ်ကို ၁၂ မှတ်ဖြတ်ကာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းအဖို့ လာလီဂါချန်ပီယံဆုကို သမိုင်းတစ်လျှောက် ၂၉ ကြိမ်မြောက် ရရှိခဲ့တာဖြစ်တယ်။ဒါ့အပြင် အအောင်မြင်ဆုံး ရီးယဲလ်မက်ဒရစ်အသင်းနောက် ခုနစ်ကြိမ်အကွာကို ရောက်လာခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ လာလီဂါ ၁၁ ပွဲဆက် အနိုင်ကစားပြီး အခုရာသီ အိမ်ကွင်း ၁၈ ပွဲစလုံး နိုင်ပွဲရယူခဲ့ပါတယ်။


news-view-count-icon

43