back

မြန်မာက အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက်ထိတွေ့ဆက်ဆံနေ

May 11 • 1:27 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာက အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက်ထိတွေ့ဆက်ဆံနေ

အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းတဲ့ တူညီဆန္ဒမရှိသေးပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လိ...

အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ စပ်လျဉ်းတဲ့ တူညီဆန္ဒမရှိသေးပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုက နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုပေမဲ့ တခြားအဖွဲ့ဝင်နိုင်ငံအနည်းငယ်က မြန်မာအစိုးရအပေါ် ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားမှုတွေကို ဆက်လက်ပြုလုပ်ဖို့ ကြိုးပမ်းနေပြီး အာဆီယံပဋိညာဉ်စာတမ်း အခန်း(၁)၊ ပုဒ်မ(၂)မှာပါတဲ့ အခြေခံမူတွေကို ဖောက်ဖျက်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ၊ ဝေဖန်ပြောဆိုတာ၊ ဖိအားပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံအနေနဲ့ ပကတိအခြေအနေအပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးနဲ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

news-view-count-icon

37