ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်ပကို ဆန်တင်ပို့နိုင်ဖို့အတွက် နွေးစပါးသီးနှံအတွက် တောင်သူတွေပါဝင်တဲ့ Rice Export Zone တွေကို အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။ပို့ကုန်(၂)ဆတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ၊ တောင်သူလယ်သမားတွေပူးပေါင်းပြီး Rice Export Zone စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ဆန်တင်ပို့မှုဇုန် (Rice Export Zone) အဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် (၅)ခရိုင် ၊ မြို့နယ် (၈)မြို့နယ်၊ ကျေးရွာ(၃၇)ရွာမှာ တောင်သူ၇၀၀ကျော်နဲ့ စိုက်ဧက (၁၁၈)ဧက စိုက်ပျိုးနေတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတယ်။



