ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့တွင် ယမန်နေ့ မေလ ၉ ရက်၊ နေ့လယ်ပိုင်းက ကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး နေအိမ်ကို ဝင်ရောက်တိုက်မိသဖြင့် တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။နမ္မတူမြို့၊ မြို့မဈေးကြီးအနီးတွင် ယမန်နေ့ မေလ ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ကျောက်တင်ယာဉ် ဘရိတ် ပေါက်ကာ မောချယ်ရီတည်းခိုခန်းအနီးရှိ ဆိုင်ကယ်ကို တိုက်ကာ နေအိမ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကျောက်တင်ယာဉ်ကို ဘက်ဟိုးယန္တရားဖြင့် ဆွဲထုတ်ခဲ့ရပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများကို နမ္မတူဆေးရုံသို့ တင်ပို့ပေးခဲ့ရကြောင်း သိရသည်။



