back

ယူအေအီးမှ အာရပ်နိုင်ငံများသို့ လေယာဉ်လက်မှတ်ခများ အိဒ်ပွဲတော်နီးလာသည်နှင့်အမျှ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ

May 10 • 7:45 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီးမှ အာရပ်နိုင်ငံများသို့ လေယာဉ်လက်မှတ်ခများ အိဒ်ပွဲတော်နီးလာသည်နှင့်အမျှ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ယူအေအီး၌ လာမည့် အိဒ်အယ်လ်အက်ဒ်ဟာ (Eid Al Adha) အားလပ်ရက်အတွင်း ခရီးသွားလာမှု ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ယူအေအီးနိုင်ငံမှ အီဂျစ်၊ ဂျော်ဒန်နှင့် လက်ဘနွန် အပ...

ယူအေအီး၌ လာမည့် အိဒ်အယ်လ်အက်ဒ်ဟာ (Eid Al Adha) အားလပ်ရက်အတွင်း ခရီးသွားလာမှု ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ယူအေအီးနိုင်ငံမှ အီဂျစ်၊ ဂျော်ဒန်နှင့် လက်ဘနွန် အပါအဝင် အာရပ်နိုင်ငံများသို့ ပြေးဆွဲသည့် လေယာဉ်လက်မှတ်စျေးနှုန်းများသည် ပုံမှန်ထက် ၄၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်နေကြောင်း ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ၂၀၂၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ပြောကြားခဲ့ပြီး အထူးသဖြင့် ကိုင်ရိုနှင့် အမ်မန်မြို့များသို့ သွားမည့် လေယာဉ်လက်မှတ်များမှာ အဝယ်အများဆုံးဖြစ်နေကာ လက်ရှိတွင် လက်မှတ်ခစျေးနှုန်းများမှာ အသွားအပြန်အတွက် ဒီရဟမ် ၂,၀၀၀ မှ ၂,၅၀၀ အကြား ရှိနေသည့်အပြင် ခရီးသွားလိုသူများအနေဖြင့် စျေးနှုန်းသက်သာစွာ ရရှိနိုင်ရန် အနည်းဆုံး တစ်လကြိုတင်၍ ဘိုကင်တင်ထားရန်နှင့် ခရီးသွားချိန် အပြောင်းအလဲလုပ်နိုင်ရန် (Flexibility) အကြံပြုထားကြောင်း သိရပါသည်။

news-view-count-icon

15