back

ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ Phetchaburi လမ်း ဒီနေ့နံနက် လမ်းကျွံကျလို့ လမ်းပိတ်ထားရ

May 10 • 6:49 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ Phetchaburi လမ်း ဒီနေ့နံနက် လမ်းကျွံကျလို့ လမ်းပိတ်ထားရ

ထိုင်းနိုင်ငံ၊ဘန်ကောက် မှ ဖွေထိုင်းပါတီဌာနချုပ်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ဖက်ချာဘူရီလမ်း (Phetchaburi Road) ရဲ့ လမ်းပိုင်းတစ်ခုဟာ ဒီနေ့ မေလ ၁၀ ရက်နေ့ မနက်အစောပို...


ထိုင်းနိုင်ငံ၊ဘန်ကောက် မှ ဖွေထိုင်းပါတီဌာနချုပ်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ဖက်ချာဘူရီလမ်း (Phetchaburi Road) ရဲ့ လမ်းပိုင်းတစ်ခုဟာ ဒီနေ့ မေလ ၁၀ ရက်နေ့ မနက်အစောပိုင်းမှာ ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အာဏာပိုင်တွေက မြို့ပြင်ထွက်တဲ့ လမ်းတစ်ကြောင်းကို ပိတ်လိုက်ရပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအာဏာပိုင်အဖွဲ့ (MEA) က ဖြစ်စဉ်ကို စစ်ဆေးနေပြီး ဘေးကင်းလုံခြုံရေးနဲ့ ပြုပြင်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့အတွက် ယာဉ်မောင်းတွေအနေနဲ့ အဲဒီလမ်းပိုင်းကို ရှောင်ကွင်းမောင်းနှင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီကနေ့ မနက်ပိုင်းအထိတော့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေဟာ ထိန်းချုပ်နိုင်တဲ့ အဆင့်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

news-view-count-icon

28