back

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် Honda Insight ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ပလပ်ဖောင်းတုံးအား တိုက်မိ

May 10 • 6:02 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် Honda Insight ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ပလပ်ဖောင်းတုံးအား တိုက်မိ

၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မြို့မလမ်းမပေါ်၌ အဖြူရောင် Honda Insight ...

၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မြို့မလမ်းမပေါ်၌ အဖြူရောင် Honda Insight ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ပလပ်ဖောင်းတုံးအား တိုက်မိသည့် ယာဉ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ် ထိခိုက်ပျက်စီးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

35