back

MFF U-16/U-19 Youth Futsal League 2026 ပြိုင်ပွဲစတင်

May 10 • 4:39 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

MFF U-16/U-19 Youth Futsal League 2026 ပြိုင်ပွဲစတင်

အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း‌အစိုးရအ ဖွဲ့တို့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှကျင်းပသည့် MFF ...

အားကစားရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း‌အစိုးရအ ဖွဲ့တို့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှကျင်းပသည့် MFF U-16/U-19 Youth Futsal League 2026 ပြိုင်ပွဲကို မေ ၉ ရက်နံနက်ပိုင်းကစတင်ခဲ့သည်။ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကစားသမားများကိုနှုတ်ဆက်ပြီး ပြိုင်ပွဲဝင်အသင်းများကို ပြိုင်ပွဲဘောလုံးများပေးအပ်ခဲ့ကြသည်။ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဥက္ကဋ္ဌဦးဇော်ဇော်က ရန်ကုန်တိုင်းရှိ အခြေခံပညာကျောင်းများ Football For Schools အစီအစဉ်တွင်အသုံးပြုရန် ဘောလုံးအလုံး(၅,၀၀၀)ကိုပေးအပ်ရာ ရန်ကုန်တိုင်းဝန် ကြီးချုပ်က လက်ခံရယူခဲ့သည်။

news-view-count-icon

49