back

ပြည်ပတင်ပို့ခဲ့သည့်သရက်သီးများ ပြည်တွင်း၌သာ ရောင်းချနေရ

May 10 • 4:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပတင်ပို့ခဲ့သည့်သရက်သီးများ ပြည်တွင်း၌သာ ရောင်းချနေရ

အရင်က ပြည်ပကို တင်ပို့ရောင်းချခဲ့ရတဲ့ သရက်သီးတွေကို အခုအခါ ပြည်ပတင်ပို့မှု မရှိတာကြောင့် ပြည်တွင်း ဈေးကွက်ကို အဓိကထားပြီး ရောင်းချနေရတယ်လို့ သရက်ခြံပိုင်ရှင်တွ...

အရင်က ပြည်ပကို တင်ပို့ရောင်းချခဲ့ရတဲ့ သရက်သီးတွေကို အခုအခါ ပြည်ပတင်ပို့မှု မရှိတာကြောင့် ပြည်တွင်း ဈေးကွက်ကို အဓိကထားပြီး ရောင်းချနေရတယ်လို့ သရက်ခြံပိုင်ရှင်တွေက ပြောပါတယ်။ ပြည်တွင်းဈေးကွက် အတွင်း သရက်သီးမှည့်တွေ စတင်ရောင်းချနေကြပြီဖြစ်ပေမဲ့ အမြင့်ဆုံးဈေးတွေအနေနဲ့ တစ်လုံးကို ကျပ် ၁၅၀၀ ကနေ ၂,၀၀၀ ကျပ်ဝန်းကျင်သာ ရှိတယ်လို့ ဆိုပါတယ်။အရင်က ပြည်ပကိုတင်ပို့ခဲ့တဲ့ ထိုင်ဝမ်စိမ်းချိုသရက်၊ R2E2 သရက်၊ အမေရိကန်မျိုးဖြစ်တဲ့ Tommy Atkins သရက် သီး အမျိုးအစားတွေကို ပြည်တွင်းဈေးကွက်တွေမှာသာ ရောင်းချနေရတာ ဖြစ်ပါတယ်။လက်ရှိမှာ စိန်တစ်လုံးနဲ့ မြကျောက်သရက်သီးမှည့်တွေ ဈေးကွက်ထဲမှာ ရောင်းချနေကြတာတွေရှိနေပေမဲ့ ရင်ကွဲသရက်ကတော့ ရောင်းချတာနည်းပါးတယ်လို့ သိရပါတယ်။ သရက်ပင်ဟာ နှစ်ရှည်သီးနှံပင်ဖြစ်တဲ့ဖြစ်ပြီး ခြံပိုင်ရှင်တွေအနေနဲ့ နှစ်စဉ် သရက်သီးရာသီချိန်ရောက်တိုင်း အတိုင်းအတာတစ်ခုအထိ ဝင်ငွေရရှိနေကြတာ ဖြစ်ပါတယ်။

news-view-count-icon

63