တရုတ်အာဏာပိုင်များက ဉာဏ်ရည်တု (AI) နှင့် စွမ်းအင်တို့၏ အပြန်အလှန် စွမ်းဆောင်ရည်အား မြှင့်တင်ရန် ရည်ရွယ်သည့် လုပ်ငန်းအစီအစဉ်ကို မကြာသေးမီက ထုတ်ပြန်လိုက်သည်။၂၀၃၀ ပြည့်နှစ်မကုန်မီ AI စနစ်လည်ပတ်ရေးဆိုင်ရာ ကွန်ပျူတာစွမ်းအား အခြေခံအဆောက်အအုံအတွက် သန့်စင်သော စွမ်းအင်ထောက်ပံ့နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်လာစေမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် AI အသုံးချမှုကိုလည်း သိသိသာသာ တိုးတက်လာစေမည်ဟု အဆိုပါအစီအစဉ်က မျှော်မှန်းထားသည်။တရုတ်နိုင်ငံက AI နှင့် စွမ်းအင်တို့၏ အပြန်အလှန် စွမ်းဆောင်ရည်နှင့် နက်ရှိုင်းစွာပေါင်းစည်းမှုဖြင့် သွင်ပြင်လက္ခဏာဖော်ပြသည့် ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်ကို အဆိုပါ အစီအစဉ်၏ တွန်းအားပေးမှုဖြင့် တည်ထောင်ရန် ရည်ရွယ်ထားကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေး (NEA) မှ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် အမျိုးသားအချက်အလက်စီမံခန့်ခွဲရေးဌာနတို့နှင့်အတူ ထုတ်ပြန်သော လုပ်ငန်းအစီအစဉ်အရ သိရသည်။
May 10 • 1:29 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


