မြန်မာနိုင်ငံရဲ့ ကာဗွန်ဈေးကွက် အခွင့်အလမ်းတွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် Myanmar Climate –Smart Rice & Carbon Initiative Workshop ကို မေလ ၉ ရက်က ရန်ကုန်မြို့ရှိ UMFCCI မှာ ကျင်းပ ပြုလုပ်ပါတယ်။
အဲဒီအလုပ်ရုံဆွေးနွေးပွဲကို Green & Blue VCM Carbon Initiative က ဦးဆောင်ပြီး မဲခေါင်အင်စတီကျူ့မှာ သင်တန်းတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၈ ယောက်တို့ ပူးပေါင်းကျင်းပပြုလုပ်တာဖြစ်ပါတယ်။ကာဗွန်ခရက်ဒ်ဆိုတာ လေထုအတွင်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ တစ်တန်ကို လျှော့ချနိုင်ခြင်း ဒါမှမဟုတ် ဖယ်ရှားနိုင် ခြင်းကို ကိုယ်စားပြုတဲ့ တန်ဖိုးရှိ ယူနစ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ကာဗွန်ခရက်ဒစ်စီမံကိန်းတွေဟာ မြန်မာ့လယ်ယာကဏ္ဍကို ခေတ်မီပြီး ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီသော သဘာဝပတ်ဝန်းကျင်ကို အလေးထားတဲ့ စီးပွားရေးပုံစံသစ်ကို ကူးပြောင်းပေးမဲ့ အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ သိရပါတယ်။


