ပျဥ်းမနားမြို့၏ အထင်ကရနေရာတခုဖြစ်သည့် ရှမ်းကန်ရှိ ငါးများသည် ပူပြင်းသည့် ရာသီဥတုအရှိန်ကြောင့် အများအပြား ေသဆုံးသွားကြောင်း သိရသည်။ယင်းငါးများသည် အပူရှိန်ကြောင့် အောက်စီဂျင်ပြတ်ပြီး ေသဆုံးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ကန်၏ ရေအရည်အသွေး ညစ်မှုကြောင်းလည်း ဖြစ်နိုင်ကြောင်း သွားရောက်ဆယ်ယူပေးခဲ့သူများက သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။“အားလုံးသုံးသပ်တာကတော့ အပူရှိန်လွန်ကဲပြီး အောက်ဆီဂျင်ပြတ်ပြီး အခုလို ငါးတွေေသတယ်လို့လောလာဆယ် သုံးသပ်ထားကြပါတယ်" လို့မိုးစေတနာပရဟိတအသင်း ရန်ကုန်-မန္တလေး ပျဥ်းမနားရုံးခွဲ လူငယ် တွဲလက်များလူမှုကူညီရေး ပရဟိတ အသင်း ဥက္ကဌ ကိုဝေဖြိုးကလည်း သတင်းမီဒီယာများကို ဖြေကြားထားသည်။
May 09 • 4:51 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 32 | 0 | 0 | 0 |


