back

ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦး ရန်ကုန်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

May 09 • 4:50 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဘဂ္ဂဒတ်တွင် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦး ရန်ကုန်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိ

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်ရင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦးသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့...

အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တွင် အလုပ်လုပ်ကိုင်ရင်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာအမျိုးသမီး (၃) ဦးသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ယမန်နေ့ညပိုင်းက မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။အဆိုပါ အမျိုးသမီးများသည် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်း ဖြစ် သည်။ မြန်မာသံရုံးမှတစ်ဆင့် အီရတ်အာဏာပိုင်များ၊ IOM အဖွဲ့တို့နှင့် အချိန်မီညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ၎င်းတို့အား အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

22