ကိုရီးယားတွင် ကနဦး မှတ်ပုံတင်သည့် အီးဗီ ၃ စီးတွင် တစီးသည် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော လျှပ်စစ်ကားများဖြစ်သည်။ ကိုရီးယား မော်တော်ကားနှင့် ရွေ့လျားနိုင်မှု အသင်း Korea Automobile and Mobility Association ၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ကိုရီးယားနိုင်ငံထုတ် အီးဗီများ၏ ရောင်းအားမှာ အစီးရေ ၂၅၀၀၀ အထိ မြင့်တက်လာခဲ့ပြီး ယခင်နှစ်ထက် ၂၈၆.၁% မြင့်တက်သည်။ ကိုရီးယားကားထုတ်လုပ်သူများသည် အီးဗီ အစီးရေ ၅၁၀၀၀ ခန့် ရောင်းချခဲ့ပြီး ရောင်းအား ၁၂၆.၁%တိုးခဲ့သော်လည်း ဈေးကွက်ဝေစု လျော့ကျခဲ့သည်။



