back

တရုတ်၌“မေဒေး” အားလပ်ရက်အတွင်း ခရီးသွားလာသူ ခရီးစဉ်အကြိမ်ရေ ၁.၅၁၇ ဘီလီယံ ရှိ

May 08 • 1:58 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်၌“မေဒေး” အားလပ်ရက်အတွင်း ခရီးသွားလာသူ ခရီးစဉ်အကြိမ်ရေ ၁.၅၁၇ ဘီလီယံ ရှိ

၂၀၂၆ ခုနှစ် “မေဒေး” အားလပ်ရက် (မေ ၁ ရက်မှ မေ ၅ ရက်အထိ) အတွင်း တရုတ်နိုင်ငံ နိုင်ငံတစ်ဝန်း ဒေသဖြတ်ကျော် ခရီးသည်သွားလာမှုပမာဏ စုစုပေါင်း ခရီးစဉ်အကြိမ်ရေ ၁,၅၁၇. ၁၂...

၂၀၂၆ ခုနှစ် “မေဒေး” အားလပ်ရက် (မေ ၁ ရက်မှ မေ ၅ ရက်အထိ) အတွင်း တရုတ်နိုင်ငံ နိုင်ငံတစ်ဝန်း ဒေသဖြတ်ကျော် ခရီးသည်သွားလာမှုပမာဏ စုစုပေါင်း ခရီးစဉ်အကြိမ်ရေ ၁,၅၁၇. ၁၂၈ သန်း ရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၃၀၃.၄၂၅၆ သန်းရှိရာ ယမန်နှစ်ကာလတူထက် ၃.၄၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သတင်းထောက်က တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။အသေးစိတ်အားဖြင့် ကုန်းလမ်းခရီးသည်သွားလာမှု စုစုပေါင်းပမာဏ ခရီးစဉ်အကြိမ်ရေ ၁,၃၉၁.၇၂ သန်းရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၂၇၈.၃၄၄ သန်း ရှိရာ ယမန်နှစ်ကာလတူထက် ၃.၅၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ယင်းအနက် အဝေးပြေးလမ်း၊ နိုင်ငံနှင့် ပြည်နယ်အဆင့် သာမန် လမ်းမကြီးများပေါ်တွင် စီးပွားဖြစ်မဟုတ်သော ခရီးသည်တင်မော်တော်ယာဉ်ငယ်ဖြင့် ခရီးသည်သွားလာမှုပမာဏ ခရီးစဉ်အကြိမ်ရေ ၁,၁၉၂.၈၇ သန်းရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၂၃၈.၅၇၄ သန်း ရှိရာ ယမန်နှစ်ကာလတူထက် ၂.၅၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အဝေးပြေးလမ်းမကြီးများပေါ်တွင် စီးပွားဖြစ်ခရီးသည်ယာဉ်ဖြင့် ခရီးသည်သွားလာမှုပမာဏ ခရီးစဉ်အကြိမ်ရေ ၁၉၈.၈၅ သန်းရှိပြီး နေ့စဉ် ပျမ်းမျှခရီးစဉ်အကြိမ်ရေမှာ ၃၉.၇၇ သန်းရှိရာ ယမန်နှစ်ကာလတူထက် ၉.၅၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

news-view-count-icon

12