back

မန္တလေးတိုင်း၊မိုးကုတ်ရတနာမြေမှ အရွယ်အစားကြီးမားသောပတ္တမြားတွေ့ရှိ

May 08 • 1:56 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊မိုးကုတ်ရတနာမြေမှ အရွယ်အစားကြီးမားသောပတ္တမြားတွေ့ရှိ

မန္တလေးတိုင်း၊မိုးကုတ်ရတနာမြေကနေ ထူးခြားလှပပြီး အရွယ်အစားကြီးမားတဲ့ ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြ...

မန္တလေးတိုင်း၊မိုးကုတ်ရတနာမြေကနေ ထူးခြားလှပပြီး အရွယ်အစားကြီးမားတဲ့ ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးကာလ လွန်မြောက် တဲ့ အချိန်အခါသမယမှာ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေကနေ အဲဒီပတ္တမြားကြီးကို ရှာဖွေတွေ့ရှိခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။အခု ရှာဖွေတွေ့ရှိခဲ့တဲ့ ပတ္တမြားဟာ အလေးချိန် ၂,၂၀၀ ဂရမ် ( ၁၁,၀၀၀ ကာရက်) ရှိပြီး အရွယ်အစားကြီးမားတာ ကြောင့် ရှာဖွေတွေ့ရှိဖို့ ခက်ခဲကာ ရှားပါးတယ်လို့ သိရပါတယ်။ပတ္တမြားကြီးဟာ ခရမ်းရောင်ခမ်းတဲ့ အနီရောင်မှာ အဝါရိပ်ဖောက်တဲ့အရောင်ရှိပြီး အရောင်အဆင့်အတန်းအနေနဲ့ ကောင်းမွန်ပြီး အလင်းပေါက်အား သင့်တင့်ကာ ဖန်ရောင်လက်ကောင်းမွန်သလို ပြုပြင်ထားခြင်းမရှိတဲ့ သဘာဝ အတိုင်းရှိတဲ့ ပတ္တမြားကြီးဖြစ်တယ်လို့ ဆိုပါတယ်။

news-view-count-icon

80