ရှမ်းမြောက် လားရှိုးမြို့မှာ မီးကြိုးသူခိုးတွေ သောင်းကျန်းနေပြီး မီးကြိုးတွေ နေ့စဥ်လိုလို ခိုးယူခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က လားရှိုးမြို့ ရပ်ကွက်(၁)ထဲမှာ မီးကြိုးခိုးယူခံနေရပြီး ရပ်ကွက် (၁၀)၊ ရပ်ကွက် (၁၁)၊ ရပ်ကွက်(၇) နဲ့ ရပ်ကွက်(၄) တွေမှာလည်း ခိုးယူခံနေရတယ် ဒေသခံတစ်ဦးက ပြောပါတယ်။"မီးကြိုးလည်း နေ့တိုင်းပျောက်။ တက်ခိုးကြတာ။ ရပ်ကွက်တိုင်းလိုလို ပတ်ခိုးနေတာပဲ။ ဘိန်းစားတွေ ပတ်ခိုးနေတာ။ ဒီနှစ်ရက် သုံးရက်ပဲရှိသေးတယ် ခိုးသွားတာ။ ကျန်တဲ့ဟာကို မနေ့က လာခိုးတယ်"မီးကြိုးလိုက်ခိုးနေသူ အများစုဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေဖြစ်ပြီး နေ့ခင်းဘက်တွေမှာပါ လိုက်ခိုးနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
May 07 • 7:59 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 37 | 0 | 0 | 0 |


