back

ဧရာဝတီတိုင်း၊ပုသိမ်မြို့အတွင်း လူနေအိမ်များကြား သိုးမွှေးထည်ချုပ်လုပ်ငန်း တရားမဝင်ဖွင့်လှစ်ထားမှုကြောင့် မီးဘေးနှင့် ဆူညံသံအန္တရာယ် ဒေသခံများစိုးရိမ်နေ

May 07 • 2:49 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊ပုသိမ်မြို့အတွင်း လူနေအိမ်များကြား သိုးမွှေးထည်ချုပ်လုပ်ငန်း တရားမဝင်ဖွင့်လှစ်ထားမှုကြောင့် မီးဘေးနှင့် ဆူညံသံအန္တရာယ် ဒေသခံများစိုးရိမ်နေ

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊ အမှတ် (၁) နယ်မြေ၊ ကွမ်းခြံကမ်းနားလမ်းရပ်ကွက်အတွင်းရှိ လူနေအိမ်များအနီးတွင် စနစ်တကျခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် "မြ...

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊ အမှတ် (၁) နယ်မြေ၊ ကွမ်းခြံကမ်းနားလမ်းရပ်ကွက်အတွင်းရှိ လူနေအိမ်များအနီးတွင် စနစ်တကျခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် "မြင့်မြင့်စန်း (ခ) တိုးတက်မြန်မာ" သိုးမွှေးအထည်ချုပ်လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများမှာ မီးဘေးအန္တရာယ်နှင့် ဆူညံသံညစ်ညမ်းမှုဒဏ်ကို ပြင်းထန်စွာခံစားနေရကြောင်း သိရသည်။အဆိုပါလုပ်ငန်းကို ကွမ်းခြံတံတားအနီးရှိ ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းပိုင်ဆိုင်သော အဆောက်အဦးတွင် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များအား တစ်လလျှင် ကျပ်သိန်း (၃၀) ဖြင့် ငှားရမ်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။စက်ရုံရှိ မီးစက်ကြီးများကို လူနေအိမ်များနှင့် အလွန်နီးကပ်စွာ ထားရှိထားပြီး နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိ တစ်နေကုန် မောင်းနှင်နေသောကြောင့် ထွက်ပေါ်လာသည့် ဆူညံသံများမှာ ရပ်ကွက်အတွင်းရှိ ကျောင်းသူကျောင်းသားများ၏ ပညာရေးနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို များစွာအနှောင့်အယှက်ဖြစ်စေလျက်ရှိသည်။ ဤကိစ္စနှင့်ပတ်သက်၍ ရာအိမ်မှူးထံ (၄) ကြိမ်တိုင်တိုင် တိုင်ကြားခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ဧည့်စာရင်းစစ်ဆေးခနှင့် ငွေကြေးကောက်ခံမှုသာ ပြုလုပ်နေကြောင်း သိရသည်။

news-view-count-icon

28