back

ထိုင်း၌ ခွင့်ပြုချက်မရှိ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းပေါင်း ၆,၅၀၀ ကျော်ကို စတင် စစ်ဆေးနေပြီဖြစ်

May 07 • 2:48 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း၌ ခွင့်ပြုချက်မရှိ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းပေါင်း ၆,၅၀၀ ကျော်ကို စတင် စစ်ဆေးနေပြီဖြစ်

ထိုင်းနိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) ညွှန်ကြားရေးမှူးချုပ် ဟာ နိုင်ငံခြားသား ရှယ်ယာ ၅၀ ရာခို...

ထိုင်းနိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) ညွှန်ကြားရေးမှူးချုပ် ဟာ နိုင်ငံခြားသား ရှယ်ယာ ၅၀ ရာခိုင်နှုန်းနဲ့အထက် ပါဝင်ပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ စစ်ဆေးနေပါတယ်။ လက်ရှိမှာ နည်းပညာနဲ့ ဒေတာဘေ့စ်တွေကို အသုံးပြုပြီး စိစစ်ခဲ့ရာမှာ ၁၉၉၉ ခုနှစ် နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေကို ချိုးဖောက်နေဖွယ်ရှိတဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီပေါင်း ၆,၅၅၁ ခုကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒီလုပ်ငန်းတွေကို ပိုမိုထိရောက်စွာ အရေးယူနိုင်ဖို့အတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)၊ ရဲတပ်ဖွဲ့နဲ့ အခွန်ဌာနတို့နဲ့ပါ ပူးပေါင်းပြီး ကွန်ရက်အလိုက် အသေးစိတ် ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် တရားမဝင်လုပ်ငန်းတွေကို သိလျက်နဲ့ ခွင့်ပြုထားသူတွေ ဒါမှမဟုတ် ကူညီပေးသူတွေကိုလည်း ပူးတွဲကျူးလွန်သူတွေအဖြစ် အရေးယူသွားမှာပါ။ အခုလို စစ်ဆေးမှုတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးစနစ်ကို ပွင့်လင်းမြင်သာမှုရှိစေပြီး တရားမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်လာစေဖို့အတွက် ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

news-view-count-icon

19