အိန္ဒိယရေတပ်ဦးစီးချုပ်သည် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာရာ တပ်မ တော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ထို့ပြင် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura (F-48) နှင့် INS Sunayna(P-57)တို့သည်လည်း ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများကပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။အိန္ဒိယရေတပ်ဦးစီးချုပ်သည် သန်လျင်တပ်နယ်ရှိနယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်တွင် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ Small Arm Simulator အားဖွင့်လှစ်ပေးခြင်း၊ သမိုင်းဝင်စစ်ရေယာဉ်(မေယု) ကိုကြည့်ရှုလေ့လာကာ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားကိုဖူးမြော်လေ့လာခြင်း၊ ရိုးရာယက်ကန်း ရက်လုပ်နေမှုများအားလေ့လာခြင်း၊ အင်းလေးကန်၌ လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုဖူးမြော်ကြည်ညိုခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့ပြင် သူရဲကောင်းဗိမာန်(နေပြည်တော်)တွင် နိုင်ငံ တော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ကြသည့် တပ်မတော်သားများအတွက်ဂုဏ်ပြုပန်းခြင်းချအလေးပြုခြင်း ဘုရင့်နောင်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မတော်စစ်သမိုင်းပြတိုက်ကိုလေ့လာခြင်းကာကွယ်ရေးဦးစီးချုပ်(ရေ)ကတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြောင်း သိရသည်။



