back

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်၊နောက်တစ်ဆင့်တက်ရန် ခက်ခဲလာ

May 04 • 4:29 PM

breaking-news

မြန်မာ

နေပြည်တော်

cover

အာရှအမျိုးသမီး ယူ-၁၇ဖလားပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၁ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်၊နောက်တစ်ဆင့်တက်ရန် ခက်ခဲလာ

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်း...

အာရှအမျိုးသမီး ယူ-၁၇ ဖလားပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၇ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၁)ဂိုး ဂိုးမရှိဖြင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သည်။အဆိုပါပွဲစဉ်တွင် ထိုင်းအသင်းသည် ပထမပိုင်း၌ ရရှိခဲ့သည့် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲပြီးဆုံးသည်အထိ ထိန်းကစားသွားနိုင်ခဲ့ခြင်း ဖြစ်သည်ကိုတွေ့ရသည်။မြန်မာအသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအတွက် အနည်းဆုံး သရေတစ်မှတ်ရရှိရန်ကြိုးစားကစားခဲ့သော်လည်းထိုင်းအသင်းကို ထိရောက်စွာ ဖိအားမပေးနိုင်ဘဲ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမည့် မေလ (၇) ရက်၊ မြန် မာစံတော်ချိန် ည (၇) နာရီတွင် ဗီယက်နမ်အမျိုးသမီး ယူ-၁၇ အသင်းနှင့် ဆက် လက်ယှဉ်ပြိုင်ကစားသွားရမည် ဖြစ် သည်။


news-view-count-icon

34