back

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

May 04 • 4:00 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထာ...

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကအသိပေးခဲ့ကြောင်း သိရသည်။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသေးသူများ၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ မှတ်ပုံတင်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းတို့ကို "လမင်း"စီမံချက်ဖြင့်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ထိုသို့ ပြုလုပ်ပေးရာ၌ မှတ်ပုံတင်၊ သန်းခေါင်စာရင်းလာရောက်ပြုလုပ်သူများအား သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့လာရောက်ချိန်တွင် ရုံးများအဝင်ရှိဧည့် ကြိုကောင်တာ၌ လဝကဝန်ထမ်းများက စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသူများကိုအတူလိုက်ပါ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ထို့ပြင် လဝက လုပ်ငန်းစဥ်များနှင့်ပတ်သက်၍သိရှိလိုသည်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ဖော်ပြထားသည့် ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။



news-view-count-icon

111