back

စမွတ်ပရာကန်မှာ မြန်မာအလုပ်သမားမလေးနှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံး

May 04 • 3:27 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

စမွတ်ပရာကန်မှာ မြန်မာအလုပ်သမားမလေးနှစ်ဦး ကားတိုက်ခံရပြီး တစ်ဦး သေဆုံး

ဒီနေ့ မေလ ၄ ရက် မနက်အစောပိုင်းမှာ အလုပ်သွားဖို့ လမ်းကူးနေတဲ့ စက်ရုံအလုပ်သမား မြန်မာအမျိုးသမီးနှစ်ဦးကို အရှိန်နဲ့ မောင်းနှင်လာတဲ့ ဗန်ကားတစ်စီးက ဝင်တိုက်ခဲ့ပါတယ်။...

ဒီနေ့ မေလ ၄ ရက် မနက်အစောပိုင်းမှာ အလုပ်သွားဖို့ လမ်းကူးနေတဲ့ စက်ရုံအလုပ်သမား မြန်မာအမျိုးသမီးနှစ်ဦးကို အရှိန်နဲ့ မောင်းနှင်လာတဲ့ ဗန်ကားတစ်စီးက ဝင်တိုက်ခဲ့ပါတယ်။ မတော်တဆမှုကြောင့် အသက် ၁၉ နှစ်အရွယ် မြန်မာအလုပ်သမားလေးက အခင်းဖြစ်နေရာမှာပဲ ဆုံးသွားခဲ့ပြီး နောက်ထပ် အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသမီးကတော့ ခြေထောက်ကျိုးပြီးပြင်းထန်ဒဏ်ရာတွေ ရခဲ့တာကြောင့် အနီးနားက ဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။ လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်တဲ့နေရာကို စစ်ဆေးနေပြီး ယာဉ်မောင်းကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 






news-view-count-icon

9