ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၆ ရပ်ကွက်မှာ ကားနဲ့ ကားတာယာတွေထားတဲ့ ဂိုဒေါင်တစ်လုံး မေလ ၄ ရက်၊ နေ့လယ် ၁ နာရီကျော်လေက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဂိုဒေါင်မှာရှိတဲ့ ကားတာယာတွေနဲ့ ကား ၆ စီး မီးလောင် ခဲ့တယ်လို့ မြဝတီမြို့ခံတွေဆီကနေ သိရပါတယ်။ကားနဲ့ကားတာယာတွေထားတဲ့ ဂိုဒေါင်ဟာ ရာသီဥတု အပူရှိန်နဲ့ ဆိုလာအပူရှိန်ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ တာလို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ဂိုဒေါင်တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ပြီး ကား ၆ စီးလည်း မီးလောင်ခဲ့တယ်လို့ မြဝတီ မြို့ခံတစ်ယောက်က ပြောပါတယ်။ မီးလောင်မှု ဖြစ်ပွားရာနေရာကို မြဝတီမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၇ စီးလောက်နဲ့ လာရောက် ငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။



