ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ဖျော်ဖြေပွဲကို ဧပြီ ၃၀ ရက်မှ မေ ၃ ရက်အထိ တောင်ကြီးမြို အဝေရာမီးပုံးပျံကွင်း၌ ကျင်းပနေခြင်းဖြစ်ပြီး ပအိုဝ်းအဆိုတော် ၃ ဦးသည် ပွဲ၏ တတိယနေ့ဖြစ်သည့် မေ ၂ ရက်တွင် ပါဝင်ဖျော်ဖြေနေစဉ် ပရိသတ်အချို့ဘက်မှ ခဲများဖြင့် ပစ်ပေါက်ခံခဲ့ရခဲ့သည်။အဆိုတော်ချစ်ပိုင်ဦးက အားပေးကြမ်းလို့ ခဲမှန်ခဲ့တဲ့အကြောင်းအား ဟာသအနေဖြင့် ၎င်း၏လူမှုကွန်ယက်စာမျတ်နှာတွင် ပြောပြခဲ့သည်။ တောင်ကြီးသူတောင်ကြီးသားများအနေဖြင့် ထိုကဲ့သို့လုပ်မည်မဟုတ်ကြောင်း လူမှုကွန်ယက်တွင်ပြောဆိုခြင်းများရှိနေကြောင်း သိရသည်။ဧပြီ ၃၀ ရက်မှ မေ ၃ ရက်အထိ ကျင်းပသည့် ယင်းဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံထိပ်တန်း အနုပညာရှင်များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင်၊ ဘိုဖြူ၊ ဖြိုးမြတ်အောင်၊ Snare၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ် တို့နှင့်အတူ နာမည်ကြီးပအိုဝ်းအဆိုတော်များစွာ ပါဝင်အားဖြည့်ခဲ့ကြကြောင်း သိရသည်။



