back

တနင်္သာရီတိုင်း၊ထားဝယ်တွင် ပွဲလမ်းသဘင်နှင့် အလှူအတန်းများလာ၍ အထည်ချုပ်အပ်သူ ပြန်များလာဟုဆို

May 03 • 2:37 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ထားဝယ်တွင် ပွဲလမ်းသဘင်နှင့် အလှူအတန်းများလာ၍ အထည်ချုပ်အပ်သူ ပြန်များလာဟုဆို

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် ပွဲလမ်းသဘင်နှင့် အလှူအတန်းများ ပြန်လည်ပြုလုပ်လာခြင်းကြောင့် အထည်ချုပ်ရန်အပ်သူ ပြန်လည်များပြားလာကြောင်း စက်ချုပ်သမားအချို့က ပြော...

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်တွင် ပွဲလမ်းသဘင်နှင့် အလှူအတန်းများ ပြန်လည်ပြုလုပ်လာခြင်းကြောင့် အထည်ချုပ်ရန်အပ်သူ ပြန်လည်များပြားလာကြောင်း စက်ချုပ်သမားအချို့က ပြောသည်။“သူ့ဖောက်သည်နဲ့သူပေါ့နော်၊ စက်ချုပ်သမားတွေလည်း အရင်ကထက် ပိုများလာတယ်။ ချုပ်ခဈေးတွေလည်း အရင်ထက် ၃ ဆ ၄ ဆလောက် တက်လာတယ်၊ ဒါပေမဲ့ ထားဝယ်မြို့ပေါ်မှာတော့ အထည်လာအပ်တဲ့ အရေအတွက် လျော့မသွားဘူး” ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်မှ စက်ချုပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ထားဝယ်မြို့ပေါ်တွင် ရိုးရိုးဝမ်းဆက်တစ်စုံအတွက် ချုပ်ခမှာ ကျပ် ငါးသောင်းခန့်ရှိပြီး ပွဲထိုင်ဝမ်းဆက်တစ်စုံလျှင် ကျပ် ရှစ်သောင်းခန့် ယူကြောင်း ၎င်းက ပြောသည်။နယ်ဒေသတွင် ရိုးရိုးဝမ်းဆက်တစ်စုံလျှင် ကျပ် လေးသောင်းခန့် ကုန်ကျပြီး ပွဲထိုင်ဝမ်းဆက်တစ်စုံလျှင် ဒီဇိုင်းအပေါ်မူတည်၍ ကျပ် ခြောက်သောင်းခွဲမှ ရှစ်သောင်းအထိ ပေးရကြောင်း သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာမှ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

news-view-count-icon

30