back

ထိုင်းအမျိုးသားတွေရဲ့ နာမည်သုံးပြီး တရုတ်လူမျိုးများ နိုင်ငံသား လိမ်ပြီးခံယူနေ

May 03 • 2:36 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအမျိုးသားတွေရဲ့ နာမည်သုံးပြီး တရုတ်လူမျိုးများ နိုင်ငံသား လိမ်ပြီးခံယူနေ

ထိုင်း၌ ကလေးသူငယ်တွေကို ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်အတု ပြုလုပ်ပေးနေတဲ့ ဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့ပြီး အစိုးရဝန်ထမ်း ၃ ဦးအပါအဝင် တရားခံအများအပြား ဖမ်းဆီးနို...

ထိုင်း၌ ကလေးသူငယ်တွေကို ထိုင်းနိုင်ငံသားအဖြစ် မှတ်ပုံတင်အတု ပြုလုပ်ပေးနေတဲ့ ဂိုဏ်းကို ဖော်ထုတ်နိုင်ခဲ့ပြီး အစိုးရဝန်ထမ်း ၃ ဦးအပါအဝင် တရားခံအများအပြား ဖမ်းဆီးနိုင်တဲ့ သတင်းက ဟိုးလေးတကျော်ကျော်ပါပဲ။ထိုင်းလေဆိပ်တစ်ခုမှာ ထိုင်းမွေးစာရင်းကိုင်ဆောင်ထားတဲ့ ၁၀ လသားအရွယ် တရုတ်ကလေးငယ်တစ်ဦးကို စစ်ဆေးရာကနေ ဒီဖြစ်ရပ်စလာတာပါ။ စုံစမ်းစစ်ဆေးသူတွေဟာ ဒီကလေးရဲ့ မွေးစာရင်းမှာ "ဖခင်" အဖြစ် ပါဝင်နေတဲ့ ထိုင်းအမျိုးသားဟာ တကယ်တော့ ဘာမှမသိဘဲ အမည်အလွဲသုံးစားလုပ်ခံထားရသူဖြစ်နေပါတယ်။လက်ရှိမှာ အာဏာပိုင်တွေဟာ သံသယဖြစ်ဖွယ် မှတ်ပုံတင်ထားတဲ့ ကလေး ၅၀ ကျော်ရဲ့ အမှုတွေကို ပြန်လည်စစ်ဆေးနေသလို ဒါဟာလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် နောက်ထပ် ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးသွားမယ်လို့ သတိပေးထားပါတယ်။

news-view-count-icon

28