၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက်တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့၌ကျင်းပခဲ့ရာ ဒေသတွင်း နိုင်ငံရေးနှင့် စီးပွားရေးလောက ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ် Prince George မြို့ မြို့တော်ဝန် ယွီရှင်းယိုက ၉ ကြိမ်မြောက် CIIE တွင် ဗြိတိသျှ ကိုလံဘီယာပြည်နယ် မြောက်ပိုင်းပြခန်းထားရှိကာ ဒေသတွင်း သစ်တောလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း စသည့် လုပ်ငန်းများ၏ အရည်အသွေးမြင့်ထုတ်ကုန်များကို တရုတ်ဈေးကွက်အတွင်းမိတ်ဆက်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ကနေဒါနိုင်ငံ တင်ပို့မှုမြှင့်တင်ရေးဌာန (EDC) ကိုယ်စားလှယ် Ran Carter ကမူ စိုက်ပျိုးရေးထုတ်ကုန် စားသောက်ကုန်နှင့် သန့်ရှင်းနည်းပညာ စသည့်ကဏ္ဍများအပေါ် အပြုသဘောအမြင်ရှိကာ ပြပွဲ၌ ပါဝင်ပြသလိုသည့် ကုန်သည်များအနေဖြင့် ထုတ်ကုန်နမူနာပစ္စည်း အများအပြားသယ်ဆောင်ကာ Qr Code ပြင်ဆင်ထားရန် အကြံပြုကြောင်း၊ အဘယ်ကြောင့်ဆိုသော် “အဲဒီနမူနာပစ္စည်းတွေ ဘယ်လောက်မြန်မြန်ရောင်းရလဲဆိုတာ သင်လုံးဝမျှော်မှန်းထားလို့ မရလို့ပါပဲ” ဟု ပြောကြားခဲ့သည်။
May 03 • 1:20 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


