back

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Meet You ပြတိုက်တွင် ရှေးဟောင်း ခမာလက်ရာ ၁၂၂ ခုကို ပြသထား

May 02 • 5:23 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Meet You ပြတိုက်တွင် ရှေးဟောင်း ခမာလက်ရာ ၁၂၂ ခုကို ပြသထား

“Meet Angkor Wat - ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားပြတိုက်မှ ရတနာများ” ခေါင်းစဉ်ဖြင့် ယာယီပြပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Meet You ပြတိုက်တွင် ဧပြီလ ၃၀ ရက်က ...

“Meet Angkor Wat - ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားပြတိုက်မှ ရတနာများ” ခေါင်းစဉ်ဖြင့် ယာယီပြပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ Meet You ပြတိုက်တွင် ဧပြီလ ၃၀ ရက်က ဖွင့်လှစ်ခဲ့ပြီး ရှေးဟောင်း ခမာလက်ရာ ၁၂၂ ခုကို ပြသထားသည်။ မေလ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ ကျင်းပသည့် အဆိုပါ ပြပွဲသည် ခမာယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားသို့ တရုတ်ခရီးသွားများ ပိုမိုလာရောက်ရန် ရည်မှန်းထားကြောင်း ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါပွဲကို ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် Art Exhibitions China နှင့် Meet You ပြတိုက်တို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်သည်။



news-view-count-icon

3