back

တရုတ်နိုင်ငံက ၅၃ နိုင်ငံအပေါ် စည်းကြပ်ခွန်သုည အစီအမံ စတင်အသက်ဝင်

May 02 • 5:16 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက ၅၃ နိုင်ငံအပေါ် စည်းကြပ်ခွန်သုည အစီအမံ စတင်အသက်ဝင်

၂၀၂၆ ခုနှစ် မေ ၁ ရက် ၀ နာရီတွင် အာရှတိုက်အကြီးဆုံး ခရီးသွားနှင့် ကုန်ပစ္စည်း ဘက်စုံဖြတ်သန်းရာ ကားလမ်းနယ်စပ်ဂိတ်ဖြစ်သည့် ဆန်းကျန့်ဝမ်း နယ်စပ်ဂိတ် ကုန်ပစ္စည်းစစ်ဆ...

၂၀၂၆ ခုနှစ် မေ ၁ ရက် ၀ နာရီတွင် အာရှတိုက်အကြီးဆုံး ခရီးသွားနှင့် ကုန်ပစ္စည်း ဘက်စုံဖြတ်သန်းရာ ကားလမ်းနယ်စပ်ဂိတ်ဖြစ်သည့် ဆန်းကျန့်ဝမ်း နယ်စပ်ဂိတ် ကုန်ပစ္စည်းစစ်ဆေးရေးလမ်းကြောင်း၏ ဂိတ်ပေါက်တား မောင်းတံသည် ဖြည်းဖြည်းချင်းမြင့်တက်သွားကာ တောင်အာဖရိကမှ လတ်ဆတ်သည့် ပန်းသီး ၂၄ တန် တင်ဆောင်ထားသော ကုန်တင်ကားသည် ဆန်းကျန့် အကောက်ခွန်ဌာန၏ မြန်ဆန်စွာ စောင့်ကြည်စစ်ဆေးမှုခံယူပြီးနောက် နယ်စပ်ဂိတ်မှ တည်ငြိမ်စွာ ထွက်ခွာသွားခဲ့သည်။ တရုတ်နိုင်ငံက အာဖရိကတိုက် သံတမန်ဆက်ဆံရေးထူထောင်ထားသည့် ၅၃ နိုင်ငံအပေါ် စည်းကြပ်ခွန်သုည အစီအမံ ဘက်စုံကျင့်သုံးမှု စတင်အသက်ဝင်ပြီးနောက် ပထမဆုံးအသုတ် ကုန်ပစ္စည်းများသည် အကောက်ခွန်ဌာနမှ အဆင်ပြေချောမွေ့စွာဖြတ်သန်းခဲ့ပြီး ပြည်ဝင်လာခဲ့ရာ တရုတ်-အာဖရိက ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်သို့ ရောက်ရှိခဲ့သည်။



news-view-count-icon

4