back

တရုတ်နိုင်ငံ ကားဈေးကွက်သည် ကားတစ်စီး ရောင်းချလျှင် ရသည့် အမြတ်အစွန်းမှာ အလွန်နည်းပါး

May 02 • 5:12 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ ကားဈေးကွက်သည် ကားတစ်စီး ရောင်းချလျှင် ရသည့် အမြတ်အစွန်းမှာ အလွန်နည်းပါး

တရုတ်နိုင်ငံ ကားဈေးကွက်သည် ပြီးခဲ့သည့်နှစ်က အားကောင်းလာခဲ့သော်လည်း ပြင်းထန်သော ပြိုင်ဆိုင်မှုကြောင့် ကားထုတ်လုပ်သူများ၏ ကားတစ်စီး ရောင်းချလျှင် ရသည့် အမြတ်အစွန်...

တရုတ်နိုင်ငံ ကားဈေးကွက်သည် ပြီးခဲ့သည့်နှစ်က အားကောင်းလာခဲ့သော်လည်း ပြင်းထန်သော ပြိုင်ဆိုင်မှုကြောင့် ကားထုတ်လုပ်သူများ၏ ကားတစ်စီး ရောင်းချလျှင် ရသည့် အမြတ်အစွန်းမှာ အလွန်နည်းပါးခဲ့သည်။ လုပ်ငန်း ၃ ခုသည် အမြတ်မရကြဘဲ ကားတစီး ရောင်းချရတိုင်း ငွေဆုံးရှုံးနေဆဲဖြစ်သည်။ တရုတ်နိုင်ငံရှိ အဓိက ကားထုတ်လုပ်သူ ၁၂ ဦးသည် ၎င်းတို့ ထုတ်ပြန်သည့် ဝင်ငွေအစီရင်ခံစာအရ ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးသော ၁၂ လတာအတွင်း ကားတစ်စီးလျှင် ယွမ် ၁၀,၀၀၀ (ကန်ဒေါ်လာ ၁၄၆၅) ထက် အမြတ်အစွန်း ပိုမရခဲ့ကြချေ။ ချုံကင်းအခြေစိုက် စွမ်းအင်သစ်သုံးကားထုတ်လုပ်သူ Seres ၏ ပျမ်းမျှဈေးနှုန်းမှာ ပြီးခဲ့သည့်နှစ်က ယွမ် ၃၀၄,၈၀၀ (ကန်ဒေါ်လာ ၄၄,၆၆၀) ခန့်ရှိပြီး တစ်စီးလျှင် အမြတ် ယွမ် ၉,၉၃၆ ရရှိသည်။



news-view-count-icon

4