ဧပြီလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ချမ်းမြသာယာရပ်ကွက်၊ ၁၁၄ လမ်း ၇၃ လမ်းနှင့် ၇၄ လမ်းကြားအရောက်၌ လမ်းလျှောက်လာသူ အမရပူရမြို့နယ်၊ ချီပါရပ်ကွက်နေ အောင်နိုင်ဝင်း(ခ)ရှက်ဘဲ(၃၀)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ၎င်း၏ခါးကြား အတွင်းမှ အရိုး/အသွား ၁၃ လက်မခန့်ရှိ ဓားဦးချွန်ဓားမြှောင်တစ်ချောင်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် အောင်နိုင်ဝင်း(ခ)ရှက်ဘဲ(၃၀)နှစ်အား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၆၂/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



