back

အိန္ဒိယရေတပ်ဦးစီးချုပ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိ

May 02 • 8:35 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိန္ဒိယရေတပ်ဦးစီးချုပ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိ

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရ...

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၁ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် မေလ ၆ ရက်နေ့အထိ နေထိုင်သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ခြင်း၊ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ချစ်ကြည်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

39