ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယနေ့ မေလ ၁ ရက်အတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း ၃ လောင်း တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း မူဆယ်မြို့၊ နှလုံးလှလူမှုကူညီရေးအသင်းထံက သိရသည်။မူဆယ်မြို့နယ်အတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်းများ နေ့စဉ်လိုလို တွေ့ရှိနေရပြီး အများစုမှာ မူးယစ်ဆေး ကြောင့်သေဆုံးသူ များပြားကြောင်း ၎င်းထံက သိရသည်။မူဆယ်မြို့သည် တရုတ်-မြန်မာ နယ်စပ်ဝင်ပေါက်မြို့ဖြစ်သည့်အားလျော်စွာ လူကုန်ကူးမှု၊ ဒုစရိုက်မှုမျိုးစုံနှင့် မကြာခဏ ဖြစ်ပွားတတ်ပြီး ယခုကဲ့သို့ မူးယစ်ဆေးစွဲ ပိုင်ရှင်မဲ့ ရုပ်အလောင်းများ မကြာခဏ တွေ့ရတတ် ကြောင်း သိရသည်။



