back

ညောင်တုန်းမြို့နယ်တွင် တရားမဝင်လောင်းကစားဝိုင်းနှင့် လိုင်စင်မဲ့အရက်များ ရောင်းချနေမှုအပေါ် အုပ်ချုပ်ရေးမှူးနှင့်စခန်းမှူးမှ လာတ်ငွေယူခွင့်ပြုပေးနေ

May 01 • 3:37 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ညောင်တုန်းမြို့နယ်တွင် တရားမဝင်လောင်းကစားဝိုင်းနှင့် လိုင်စင်မဲ့အရက်များ ရောင်းချနေမှုအပေါ် အုပ်ချုပ်ရေးမှူးနှင့်စခန်းမှူးမှ လာတ်ငွေယူခွင့်ပြုပေးနေ

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးတိုက်နယ်ရှိ ကညင်ကောက်ကြီးကျေးရွာတွင် တရားမဝင်ဖဲဝိုင်းများနှင့် လိုင်စင်မဲ့အရက်များ ဗြောင်ကျကျရောင်းချ...

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးတိုက်နယ်ရှိ ကညင်ကောက်ကြီးကျေးရွာတွင် တရားမဝင်ဖဲဝိုင်းများနှင့် လိုင်စင်မဲ့အရက်များ ဗြောင်ကျကျရောင်းချနေမှုကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ် မလုံခြုံမှုအတွက် စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။ကညင်ကောက်ကြီးကျေးရွာနေ ဦးဖိုးပါကြီး နှင့် ဒေါ်ဝါချို တို့၏ နေအိမ်တွင် နေ့စဉ်ဖဲဝိုင်းများ ပြုလုပ်လျက်ရှိပြီး လိုင်စင်မဲ့အရက်များကိုပါ တွဲဖက်ရောင်းချနေကြောင်း သိရပြီး အဆိုပါ လောင်းကစားဝိုင်းအား အုပ်ချုပ်ရေးပိုင်းနှင့် ရဲတပ်ဖွဲ့ထံ လိုင်းကြေးပေးဆောင်၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။အနီးအနားရှိ ပြည်သူများမှ လောင်းကစားများ မပြုလုပ်ရန် သွားရောက်ပြောဆိုရာတွင် ဖိုးပါကြီးမိသားစုမှ အာဏာပိုင်များကို လိုင်းကြေးပေးထားကြောင်း အကြောင်းပြ၍ ဗြောင်ကျကျ တုံ့ပြန်ခဲ့သည်။ယခုကဲ့သို့ ကျေးရွာအတွင်း လောင်းကစားဝိုင်းများ ပေါများလာခြင်းသည် လူမှုရေးပြဿနာများနှင့် ရာဇဝတ်မှုများကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေသဖြင့် မိမိကိုယ်ကို အာဏာပိုင်ဟုယူစနေသူတွေအနေဖြင့် ထိရောက်စွာ အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။



news-view-count-icon

38