back

ရှမ်းပြည်နယ်၊အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

May 01 • 1:20 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော် ထီးတော်တင်လှူပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့ ဧပြီလ ၃၀ ရက်၊ နံနက်ပိုင်းက အဆိုပ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သီရိမင်္ဂလာအောင်ချမ်းသာ (၁၀၈) တောင် စေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့ ဧပြီလ ၃၀ ရက်၊ နံနက်ပိုင်းက အဆိုပါစေတီတော်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် ဆရာ‌တော်သံဃာတော်မြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး စိန်‌ဖူးတော်၊ ငှက်မြတ်နားတော်၊ ဇွန်းဘုံ၊ ဆွဲလွဲပဒေသာကြေးခေါင်းလောင်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား သံဃာတော် အရှင်သူမြတ် ၉ ပါးထံ ဆက်ကပ်လှူဒါန်းခဲ့သည်။အဆိုပါ သီရိမင်္ဂလာအောင်ချမ်းသာ စေတီတော်မြတ်ကြီးသည် ကလောမြို့နယ်၊ အောင်ပန်းမြို့၏ အနောက်ဘက် တစ်မိုင် နှစ်ဖာလုံအကွာရှိ မြနန္ဒာကျောက်တောင်ပေါ်တွင် တည်ရှိပြီး အောင်ပန်းမြို့၊ အောင်ချမ်းသာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်က ဦးစီးဦးဆောင် ပြုကာ ရွှေတိဂုံစေတီတော် ပုံစံတူ တည်ထားကိုးကွယ်ခြင်း ဖြစ်ပြီး ပင်မစေတီတော်ကြီးနှင့် အရန်စေတီ စုစုပေါင်း ၁၆၈ ဆူ ရှိမည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

72