back

နမ့်ခမ်းမြို့နယ်မှာ စက်ဘီးစီးလာတဲ့ ကလေးငယ်နဲ့ လယ်ထွန်စက်တို့ တိုက်မိရာက ကလေးငယ် သေဆုံး

Apr 30 • 4:59 PM

breaking-news

မြန်မာ

ရှမ်း

cover

နမ့်ခမ်းမြို့နယ်မှာ စက်ဘီးစီးလာတဲ့ ကလေးငယ်နဲ့ လယ်ထွန်စက်တို့ တိုက်မိရာက ကလေးငယ် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာမှာဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်မှာ အသက် ၆ နှစ်အရွယ် စိုင်းနော်ဝမ်းလိုင် ဟာ နေအိမ်ကနေ စက်ဘီ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာမှာဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်မှာ အသက် ၆ နှစ်အရွယ် စိုင်းနော်ဝမ်းလိုင် ဟာ နေအိမ်ကနေ စက်ဘီးစီးပြီး ထွက်လာတဲ့အချိန် လမ်းမပေါ်မှာ ဦးအိုက်ချစ် မောင်းနှင်လာတဲ့ လယ်ထွန်စက်တို့ မတော်တဆ တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါ တိုက်မိခဲ့မှုကြောင့် စိုင်းနော်ဝမ်းလိုင်ရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ခြေထောက်တို့မှာ ပြင်းထန်ဒဏ်ရာတွေရခဲ့ပြီး ဆေးကုသခံ ယူနေချိန်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီး လယ်ထွန်စက်မောင်းနှင်သူ ဦးအိုက်ချစ်က သေဆုံးခဲ့တဲ့ ကလေးငယ်ရဲ့ နာရေးအတွက် ကုန်ကျစရိတ်တွေကို တာဝန်ယူသွားမယ်ဆိုကာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးပြီး ကျေအေးခဲ့ ကြတယ်လို့ သိရပါတယ်။



news-view-count-icon

18