The Barisan Revolusi Nasional (BRN) တိုက်ခိုက်ရေးသမားတွေဟာ ထိုင်းနိုင်ငံတွင်းကို တောင်ဘက် နယ်စပ်ကနေ ဗုံးတွေသယ်လာ၊ ဖောက်ခွဲရေးကိရိယာတွေ သယ်လာနေပြီး ရွေးကောက်ပွဲကာလနဲ့ ရမဒန်ကာလမှာ တိုက််ခိုက်မှုတွေ လုပ်ဖို့ ရှိနေတယ်လို့ လုံခြုံရေးပိုင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း ပတ္တနီက PTT ဆီဆိုင်မှာ ဗုံးတွေ တွေ့ခဲ့သလို၊ ကားဂိတ်တွေမှာပါ ဗုံးတွေ့တာကြောင့် တိုက်ခိုက်ဖို့ ကြံရွယ်နေတာ ထင်ရှားနေပါတယ်။ တနင်္လာနေ့တင်ပဲ ဗုံးတပ်ဆင်ရင်း ပေါက်ကွဲမှုဖြစ်လို့ Yala မှာ BRN တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး၊ ၃ ဦးက ဒဏ်ရာရ ထွက်ပြေးတာရှိနေလို့ ဒီအဖွဲ့လှုပ်ရှားနေတာဖြစ်တယ်လို့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Sen Chaiyong Maneerungsakul ကပြောပါတယ်။သူတို့ရရှိထားတဲ့ သတင်းတွေအရဆို BRN တပ်ဖွဲ့ဝင် ၃၂ ဦးဟာ မလေးရှားကနေ ထိုင်းကို ဝင််လာပြီး ဗုံးလုပ်နိုင်တဲ့ စက်တွေ၊ ပစ္စည်းတွေနဲ့ Sukhirin ခရိုင်မှာ အခြေချလှဒပ်ရှားနေတယ်လို့ဆိုပါတယ်။ ပိုက်ဗုံးတွေကိုလည်း ငါးဖမ်းလှေတွေနဲ့ သယ်ယူနေပြီး Narathiwat ဒေသကနေ ထိုင်းအတွင်း ခိုးသွင်းနေတဲ့အတွက် Pattani, Yala, Narathiwat မှာနေသူတွေ၊ ဆုန်ကလာခရိုင်လေးခုမှာနေသူတွေ သတိထားသင့်ပါတယ်။


