ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့သော နှစ်ပတ်လည် ပင်လယ်သေ မာရသွန်အပြေးပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသ ၄၃ ခုမှ အပြေးသမား ၈,၇၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။အစ္စရေးနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆားငန်ရေကန်၏ တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၏ ပြေးလမ်းအစိတ်အပိုင်းတစ်ခုမှာ အစ္စရေးနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံကြား နယ်စပ်တမံတလျှောက် ၎င်းရေကန်၏အလယ်ဗဟိုသို့ ဦးတည်သွားမည်ဖြစ်ကာ ထိုနေရာသည် အများအားဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ခွင့်ပြုထားသော ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ကန့်သတ်ထားပြီး အဆိုပါမာရသွန်နေ့တွင်သာ အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။အမျိုးသားမာရသွန်အပြေးပြိုင်ပွဲတွင် အစ္စရေးနိုင်ငံမှ Dvir Tsuberi က ပန်းဝင်ချိန် ၂ နာရီ ၃၈ မိနစ်နှင့် ၃ စက္ကန့်ဖြင့် အနိုင်ရခဲ့ပြီး ၎င်း၏ မိတ်ဆွေ အစ္စရေးနိုင်ငံသူ Sarit Hirschberg က အမျိုးသမီးချန်ပီယံဆုကို ပန်းဝင်ချိန် ၃ နာရီ ၃၇ မိန်စ ၅၀ စက္ကန့်ဖြင့် ရရှိခဲ့သည်။အဆိုပါပင်လယ်သေ မာရသွန်အပြေးပြိုင်ပွဲ၌ တာဝက်မာရသွန်၊ ၅၀ ကီလိုမီတာ၊ ၁၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနှင့် ၅ ကီလိုမီတာ ပြိုင်ပွဲများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ 
Feb 08 • 1:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


