စင်ကာပူနိုင်ငံက National University of Singapore (NUS) နယ်မြေအတွင်းမှာ အသက် ၈၅ နှစ်အရွယ်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ သူ့ရဲ့ကားကို လူလျှောက်လမ်းပေါ် မောင်းနှင်မိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ Engineering Drive 4 လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က သတင်းရရချင်းမှာပဲ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာခဲ့ပါတယ်။ ကျောင်းသားတစ်ဦးရဲ့ ပြောပြချက်အရ သူဟာ စာသင်ခန်းထဲက ထွက်လာချိန်မှာ အဘိုးအိုမောင်းနှင်လာတဲ့ ကားဟာ ကျောင်းရဲ့ အင်ဂျင်နီယာဌာန အဆောက်အအုံ လူလျှောက်လမ်းတစ်လျှောက် ဖြည်းဖြည်းချင်း မောင်းနှင်လာတာကို တွေ့လိုက်ရတာလို့ သိရပါတယ်။ဒီမတော်တဆမှုကြောင့် အခင်းဖြစ်ပွားရာနေရာမှာ လူတစ်ဦး ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပေမယ့် ဆေးရုံတက်ဖို့တော့ ငြင်းဆိုခဲ့ပါတယ်။ NUS ကျောင်းဘက်ကလည်း ကျောင်းသားနဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ အတည်ပြုထားပါတယ်။ 
စင်ကာပူတွင် လမ်းမှားပြီး NUS ကျောင်းဝင်းထဲက လူလျှောက်လမ်းပေါ် ကားမောင်းမိတဲ့ အသက် ၈၅ နှစ်အရွယ် အဘိုးအို
Feb 08 • 1:23 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


