မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာဆု (၃) ဆုချီးမြှင့်ရာတွင် ဦးဌေးအောင်၊ဒေါ်ခင်လေးဆွေနှင့် ဦးကြည်စိုးထွန်းတို့က ရရှိခဲ့သည်။ထို့နောက် အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့်ရာတွင် ရုပ်ရှင်ဓာတ်ပုံဆုကို ကိုသားကျော်က “နှင်းပွင့်စေရာ” ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင် နောက်ခံ တေးဂီတဆုကို ဟန်ထူးဇင်က “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်” ဇာတ်ကားဖြင့်လည်းကောင်း ၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို နတ်ဝင်သည်ဇာတ်ကားမှ ကိုဂျိုးက ရရှိခဲ့သည်။အလားတူ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို ‘’မြို့ပြထဲက လမ်းမ“ ဇာတ်ကားဖြင့် ခွန် ကလည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆုကို ” မောင့်မိဖုရား“ဇာတ်ကားဖြင့် သီလံက လည်းကောင်း၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ” ပန်းမြိုင်လယ်မှဥယျာဉ်မှူး ” ဇာတ်ကားမှလည်းကောင်း အသီးသီးရရှိခဲ့သည်။ဆက်လက်၍ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ပေးအပ်ရာတွင် ဒါရိုက်တာ ဩရသ က “ဗြောသံ” ဇာတ်ကားဖြင့် ရရှိခဲ့သည်။ထို့ပြင် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ခိုင်နှင်းဝေက “မောင့်မိဖုရား”ဇာတ်ကားဖြင့် လည်းကောင်း ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို နေမျိုးအောင် က “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ကြသည်။အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရတနာဗို က “မောင့်မိဖုရား ” ဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို “မြေစာ” ဇာတ်ကားဖြင့် မြင့်မြတ်က ရရှိခဲ့သည်။ထို့ပြင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတက်ရောက်လာသူများအနက် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများလည်း ချီးမြှင့်ခဲ့ရာ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ နေတိုး၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ မေသန်းနု၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆုကို ကောင်းမြတ်စံနှင့် အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို ရတနာဗိုတို့က ရရှိခဲ့ကြသည်။



