ဇန်န ဝါရီ ၃၁ ရက်ကရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူတွင် ကားလမ်းပေါ်၌ ပိတ်ဆို့တားဆီးကာ လုယက်မှုဖြစ်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသ သတင်းအရင်းအမြစ်များထံမှ သိရသည်။အသတ်ခံရသူမှာ အသက် ၃၀ နှစ် ဝန်းကျင်အရွယ်ရှိ ကျောက်ဂူ - နောင်ဝိုးလမ်းပေါ်ရှိ ပဲပွဲရုံတစ်ခုမှ အမျိုးသားတစ်ဦးဖြစ်ပြီး ငွေကြေးလုယူရန် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။



