back

ထိုင်းတွင် (၁၃) နှစ်သမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ ဝမ်းကွဲအစ်ကိုကို အမှုဖွင့်မည်

Feb 07 • 2:10 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် (၁၃) နှစ်သမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ ဝမ်းကွဲအစ်ကိုကို အမှုဖွင့်မည်

ထိုင်းနိုင်ငံ၊ Udon Thani၊ Ban Dung ခရိုင်တွင် မိဘများ အလုပ်သွားလုပ်နေစဉ် အဘိုးအဘွားများနှင့် နေထိုင်ရသော (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် တအိမ်တည်းနေ (၁၇) န...

ထိုင်းနိုင်ငံ၊ Udon Thani၊ Ban Dung ခရိုင်တွင် မိဘများ အလုပ်သွားလုပ်နေစဉ် အဘိုးအဘွားများနှင့် နေထိုင်ရသော (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် တအိမ်တည်းနေ (၁၇) နှစ်အရွယ် ဝမ်းကွဲအစ်ကိုဖြစ်သူ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လပေါင်းများစွာ ခံခဲ့ရသည်။ ဆွေမျိုးအသိုင်းအဝိုင်းက အမှုကို ဖုံးကွယ်ထားလိုသော်လည်း၊ ခရီးဝေးတွင် အလုပ်လုပ်နေသော မိခင်ဖြစ်သူက လက်မခံဘဲ တရားစွဲဆိုရန် ပြန်လာလျက်ရှိသည်။ သမီးဖြစ်သူ "(Fah - အမည်လွှဲ)" မှာ ဗိုက်အောင့်သည်ဟုဆိုကာ ဆေးကုသမှု ခံယူရာမှ ဆရာဝန်များက ပုံမှန်မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ စစ်ဆေးမေးမြန်းရာတွင် (၁၇) နှစ်အရွယ် ဝမ်းကွဲအစ်ကိုတော်စပ်သူက အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း ကလေးမလေးက ဖွင့်ဟဝန်ခံခဲ့သည်။ မိခင်ဖြစ်သူ၏ ပြောပြချက်အရ သူမသည် သမီးကို အဘိုးအဘွား၊ ဆွေမျိုးများနှင့် စိတ်ချလက်ချထားခဲ့ပြီး ငွေကြေးထောက်ပံ့နေခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်ကို သိရှိပြီးနောက် အချို့သော ဆွေမျိုးများက ရဲစခန်းသို့ မတိုင်ကြားလိုကြဘဲ (ဆွေမျိုးအချင်းချင်း ဖြစ်နေသဖြင့်) ညှိနှိုင်းဖြေရှင်းလိုကြသည်။ ကျူးလွန်သူဟု ယူဆရသော (၁၇) နှစ်အရွယ် ဝမ်းကွဲအစ်ကိုမှာမူ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။


news-view-count-icon

13