စင်ကာပူလေတပ် (RSAF) ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ပင်လယ်ပြင်အတွင်းရှိ သင်္ဘောတစ်စီးပေါ်ကနေ အရေးပေါ်ဆေးကုသမှုလိုအပ်နေတဲ့ ဝန်ထမ်းတစ်ဦးကို ရဟတ်ယာဉ်နဲ့ အချိန်မီ ကယ်ထုတ်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ လေတပ်ဟာ Singapore Airshow 2026 အတွက် တာဝန်ယူဆောင်ရွက်နေရချိန်ဖြစ်ပေမယ့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာတာကြောင့် RESCUE 10 အမည်ရတဲ့ H225M အမျိုးအစား ရဟတ်ယာဉ်ကို ချက်ချင်းစေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒီကယ်ဆယ်ရေးစစ်ဆင်ရေးကို မနက်အစောပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး လူနာကို စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (SGH) ဆီ တိုက်ရိုက်ပျံသန်း ပို့ဆောင်ပေးခဲ့ပါသည်။



