back

မန္တလေး - မိုးကုတ် လမ်းမကြီးပွင့်သွားပြီး နေ့ချင်းခရီးရောက်ပေမယ့် ကားခတွေ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေး

Feb 07 • 1:37 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး - မိုးကုတ် လမ်းမကြီးပွင့်သွားပြီး နေ့ချင်းခရီးရောက်ပေမယ့် ကားခတွေ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေး

မန္တလေး - သပိတ်ကျင်း - မိုးကုတ်လမ်းမကြီး ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် မန္တလေး - မိုးကုတ် ကားခတွေက အမြင့်ဆုံး တသိန်းကျပ် ၊ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေးတယ်လို့...

မန္တလေး - သပိတ်ကျင်း - မိုးကုတ်လမ်းမကြီး ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် မန္တလေး - မိုးကုတ် ကားခတွေက အမြင့်ဆုံး တသိန်းကျပ် ၊ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေးတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ လက်ရှိမှာ မန္တလေး - မိုးကုတ်ခရီးစဥ်အတွက် တကြောင်းကို ကားအမျိုးအစားပေါ်လိုက်ပြီး ရှေ့ခေါင်းခန်းကနေ လိုက်ပါစီးနင်းမယ် ဆိုပါက ရှစ်သောင်း ၊ တသိန်း ၊ တသိန်းသုံးသောင်းကျပ်အထိ ရှိနေသေးပြီး နောက်ခန်းကနေ လိုက်ပါက ရှစ်သောင်းကျပ် ၊ ငါးသောင်းကျပ် စျေးပေါက်နေသေးတယ်လို့ သိရပါတယ်။ မိုးကုတ် - သပိတ်ကျင်း - မန္တလေးလမ်းမကြီးပွင့်သွားပြီး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး သွားလာနိုင်တာကြောင့် ကားခတွေကို လျှော့ချပေးဖို့ ဒေသခံတွေ ပြောဆိုမှုရှိနေပါတယ်။ 



news-view-count-icon

18