မန္တလေးမြို့၊အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်ရှိ နေအိမ်တစ်အိမ်မှာ ဖေဖော်ဝါရီလ၇ ရက် နေ့လယ်၁၂နာရီ၅၀မိနစ်က မွှေ့ယာပေါ် ဖုန်းအားသွင်းထားရာမှ မီးလောင်မှုဖြစ်ပွားပြီးနေအိမ် (၁၆) လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနှင့်နီးစပ်သူများထံမှ သိရသည်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်အများစုဟာ သွပ်မိုးထရံကာနေအိမ်များဖြစ်ကြပြီးနံကပ်နေအိမ်နှင့်သွပ်မိုးကျောက်ပြားကာနေအိမ်များလည်း ပါဝင်ပြီး အိမ်ထောင်စု (၃၁)စု၊အမျိုးသား (၇၅)ဦးနဲ့အမျိုးသမီး(၈၃)ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။



