back

အမေရိကန်ဒေါ်လာ ၁.၃၆၆ သန်းကို ဗဟိုဘဏ်မှ ရောင်းပေးမည်

Feb 07 • 5:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမေရိကန်ဒေါ်လာ ၁.၃၆၆ သန်းကို ဗဟိုဘဏ်မှ ရောင်းပေးမည်

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၃၆၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွ...

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၃၆၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။FX Trading မှာ စားသုံးဆီမှ (၁၆%)၊ စက်သုံးဆီမှ (၃၄%)၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းမှ (၂%)၊ စက်မှုကုန်ကြမ်းမှ (၇%)၊ ဓာတ်မြေသြဇာမှ (၁၃%)၊ ကား/ဆိုင်ကယ်အပိုပစ္စည်းမှ (၃%)၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများမှ (၄%)၊ အခြားကုန်စည်များနှင့် Non Trade Transation များမှ (၁၇%) အသီးသီး နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။ဗဟိုဘဏ်အနေနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၅၄ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

news-view-count-icon

38