မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၅၅ လမ်းထောင့်၌ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီကျော်အချိန်တွင် ကန်တာယာဉ်တစ်စီး သစ်ပင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းဖြစ်သူတွင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နေရာသို့ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီကယ်ဆယ်ခဲ့ပြီး၊ ဒဏ်ရာရရှိသူအား မျိုးဆက်သစ်ပရဟိတအသင်းယာဉ်ဖြင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရှိရပါသည်။
Feb 07 • 5:34 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 19 | 0 | 0 | 0 |


